● အောက်ဖော်ပြပါ ရာခိုင်နှုန်းများအတိုင်း သတ်မှတ်ရန် ဆုံးဖြတ်သည်။
၁-၁။ လက်ချား
သောက်ဆေး(သွားတိုက်ဆေးအပါအဝင်) - ၂၃ %
ရိုးရိုးလိမ်းဆေး - ၃၀ %
မျက်နှာလိမ်းဆေး - ၅ - ၂၀ %
၁-၂။ ယမ်းစိမ်း - ၅ %
ယမ်းစိမ်း+ဆား အုပ်စု - ၁၄.၆ %
ကျော်လျှင် ဗဟိုတင်ရန်
၁-၃။ နွယ်ချို+ဆား အုပ်စု
၃၀ % အထက် - သွေးတိုးရောဂါရှင်များ သုံးစွဲရန်မသင့် စာသား
ထည့်ရန်။
၁၅ - ၃၀ % - သွေးတိုးရောဂါရှင်များကြာရှည်သုံးစွဲရန်မသင့်
စာသား ထည့်ရန်။
၁၅ % အောက် - သတိပြုရန် မှတ်ချက်မလို။
၁-၄။ ဇဝက်သာ - ၂၃ %
၂၃ % အထက် - သွေးချိုဆီးချို ဝေဒနာရှင်များ သုံးစွဲရန်မသင့် စာသားထည့်ရန်။
၁-၅။ ဣဿရမူလီ
သောက်ဆေး - ၅ %
လိမ်းဆေး - ၁၅ %
၁-၆။ ဆီမီးတောက် - ၅ %
ကိုယ်ဝန်ဆောင်များ သုံးစွဲရန်မသင့် စာသားထည့်ရန်။
၁-၇။ သကြား
သွေးချိုဆီးချို ဝေဒနာရှင်များ သုံးစွဲရန်မသင့် စာသားထည့်ရန်။ ( မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေး (၅/၂၀၁၆)
ဆုံးဖြတ်ချက်အရ ၁၅% အထက် ဖြစ်ပါက သွေးချို၊ဆီးချို ဝေဒနာရှင်များ သုံးစွဲရန်မသင့်ပါ စာသား ထည့်ရန်။)
၁-၈။ ဆေးဒါန်း - ၁၅ %
အရေပြား ပေါက်ပြဲ ပွန်းပဲ့သော နေရာများတွင် သုံးစွဲရန် မသင့်ပါ စာသား ထည့်ရန်။
၁-၉။ ဒုတ္တာ - ၁၅ %
၁-၁၀။ ဟင်းရိုင်းနီ - ၁.၂ %
၁-၁၁။ လင်းနေ(သောက်ဆေး) - ၁၂.၅ %
ကျော်လျှင် ဗဟိုတင်ရန်
၁-၁၂။ ကန့်
ကန့်ဓါတ် (Sulphur) နှင့် မတည့်သူများ သုံးစွဲရန် မသင့် စာသားထည့်ရန်။
၁-၁၃။ ပွေးကိုင်း - ၃၀ %
၂၀ % ထက်ကျော်ပါက ကိုယ်ဝန်ဆောင်များ သုံးစွဲရန်မသင့် စာသားထည့်ရန်။
၁-၁၄။ ရင်းပြား - ၁၁ %
၁-၁၅။ ခပေါင်းကြီး - ၅ %
၁-၁၆။ ခပေါင်းရေကြည် - ၅ %
၁-၁၇။ တေဇောဆီ - ၅ %
၁-၁၈။ ဘုမ္မရာဇာ (၅ ရာခိုင်နှုန်းထက်မပိုရန်)
၁-၁၉။ နှလုံးသွေးကြောကျဉ်း၊ ချမ်းတုံဖျား၊ မြစ်ပွားနာ အသုံးအနှုန်းများ ခွင့်မပြု။