the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဖွံ့ဖြိုးရေးဌာနစု (၂၀၁၆ ဧပြီ လ မှ ၂၀၁၇ မတ်လ အတွင်း)

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

(၁) အသံလွှင့်ခြင်းလုပ်ငန်းများ - မြန်မာ့အသံမှသုတအဖြာဖြာ တိုင်းရင်းဆေးပညာ အစီအစဉ်တွင် စာမူ (၃၂)ပုဒ် အသံလွှင့်ခြင်း - MRTV မျက်မှောက်ရေးရာ အဖြာဖြာအစီအစဉ်တွင် တိုင်းရင်းဆေးဝါးများနှင့် ပတ်သက်သော အမေးအဖြေကဏ္ဍကို ဆောက်ရွက်ခြင်း( ၂ )ကြိမ်

 

(၂) စာအုပ်စာပေထုတ်ဝေရေးလုပ်ငန်းများ
- ဌာနသုံးတိုင်းရင်းဆေးနည်းများနှင့် သမားစဉ်ဆေးဖုံများ စာအုပ်ထုတ်ဝေခြင်း
- တိုင်းရင်းဆေပညာ မဂ္ဂဇင်း အမှတ် (၂၉)ထုတ်ဝေခြင်း
- (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံမှတ်တမ်း စာအုပ် ထုတ်ဝေခြင်း
- Myanmar Herbal Pharmacopoeia (MHP) Vol.1 အားထုတ်ဝေနိုင်ခဲ့ပြီး Vol.2 ထုတ်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

 

(၃) တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (CTME) များကျင်းပခြင်း
- ဆေးရုံများနှင့် ပြင်ပတိုင်းရင်းဆေးဆရာများ ပူးပေါင်း၍ ဆီးချို၊ သွေးတိုး၊ ဝမ်းပျက် ဝမ်းလျှော၊ ဝမ်းကိုက်၊ မန်းနှင့်အနာပေါက်၊ လေငန်း၊ သွေးဆုံးမီးယပ်၊ မီးယပ်ဖြူ ဆင်းဝေဒနာ၊ ဇတ္ထုထမ္ဘရောဂါ၊ အဆစ်ရောင်ရောဂါ၊ ခါးနာ ရောဂါများနှင့် ပတ်သက်သော စဉ်ဆက်မပြတ် တိုင်းရင်း ဆေးပညာပေးအစီအစဉ် (CTME) များ တစ်လလျှင် တစ်ကြိမ် ကျင်းပနိုင်ခဲ့ ပါသည်။

 

(၄) မြန်မာ့အလင်းသတင်းစာများတွင် ကျန်းမာရေးပညာပေး စာမူများ ရေးသားခြင်း
- မြန်မာ့တိုင်းရင်းဆေးအမွေ ဝိုင်းဝန်းထိန်းသိမ်း တိုးတက်ဖော်ဆောင်မလေ (မြန်မာ့အလင်းသတင်းစာ ဆောင်းပါး)

 

(၅) တိုင်းရင်းဆေးဝါးကြော်ငြာများ စိစစ်ခြင်း
- စာနယ်ဇင်းတိုင်းရင်းဆေးဝါးကြော်ငြာ (၈၅)ခု စိစစ်ပေးခြင်း
- TV တိုင်းရင်းဆေးဝါးကြော်ငြာ (၃၀)ခု စိစစ်ပေးခြင်း

 

(၆) ညီလာခံနှင့် စာတမ်းဖတ်ပွဲများ ကျင်းပခြင်း
- (၁၇) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်နှီးနှောဖလှယ်ပွဲကို နေပြည်တော်၊ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) တွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့ ထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

 

သတ္တမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို တိုင်းရင်ဆေးတက္ကသိုလ်၊ မန္တလေးတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့ထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အကောင်းဆုံး တိုင်းရင်းသုတေသန စာတမ်း၊ သိပ္ပံသုတေသနစာတမ်း၊ ပိုစတာများအား ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ချီးမြှင့်နိုင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ