ဖွံ့ဖြိုးရေးဌာနစိတ်၏၂၀၁၈ ခုနှစ် သြဂုတ်လလုပ်ငန်းဆောင်ရွက်ချက်များ
၁။ စာအုပ်၊ စာနယ်ဇင်းများတွင် ပညာပေးရေးသားခြင်း၊ အသံလွှင့်ခြင်း
အသံလွှင့်ခြင်း(သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်အတွက်)
၁။ အမျိုးသမီးများသတိပြုဆင်ခြင်စရာသားအိမ်ကျခြင်းဝေဒနာ
၂။ ကြက်သွန်နီနှင့်ကျန်းမာရေး
၃။ အရသာချိုအစွမ်းပိုတဲ့ ဆေးဖက်ဝင်သြဇာပင်အကြောင်းစာမူများရေးသားခဲ့ပါသည်။
MRTV တွင် ကျန်းမာရေးအတွက် တိုင်းရင်းဆေးပညာအစီအစဉ် ထုတ်လွှင့်နိုင်ရန် အတွက်
၁။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ
၂။ တိုင်းရင်းဆေးဝါးဆိုသည်မှာ
၃။ အိမ်တိုင်းဆောင်ပေးမြန်မာ့တိုင်းရင်းဆေး
၄။ ဥတုနှင့်အညီလိုက်နာနေထိုင်စားသောက်ပါ။
၅။ လူလည်းကျန်းမာငွေလည်းသက်သာတိုင်းရင်းဆေးကိုသုံးစွဲပါ။
၆။ သွေးဆုံးမီးယပ်ရောဂါနှင့်တိုင်းရင်းဆေးပညာ
၇။ဝက်သက်ရောဂါအကြောင်းသိကောင်းစရာအကြောင်းအရာများကိုနေပြည်တော်၊ တပ်ကုန်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ သွားရောက်ရိုက်ကူးခဲ့ပါသည်။
၂။ စာအုပ်၊ စာစောင်၊ ပိုစတာများရိုက်ကူးခြင်း
တိုင်းရင်းဆေးပညာအမြင်နှင့်ဆီးချိုသွေးချိုရောဂါ လက်ကမ်းစာဆောင်ထုတ်ဝေနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။
၃။ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (CTME)
ဖွံ့ဖြိုးရေးဌာနစိတ်ကတိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုတို့ရှိတိုင်ရင်းဆေးရုံများတွင် ကျင်းပသောCTMEအစီအစဉ်တွင် “အစာအိမ်ရောဂါအကြောင်း” ဖတ်ကြားနိုင်ရန်အတွက် လမ်းညွှန်မှုပေးနိုင်ခဲ့ပါသည်။
၄။ တိုင်းရင်းဆေးဝါးကြော်ငြာစိစစ်ခြင်း
မဂ္ဂဇင်းကြော်ငြာ - (၂)ခု
၅။ www.dtm.gov.mm website ပေါ်တွင်တင်ရန် အချက်အလက်များပေးပို့ခြင်း
- ကျန်းမာရေးအတွက် တိုင်းရင်းဆေးပညာအစီအစဉ်အတွက် နေပြည်တော်၊ တပ်ကုန်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ သွားရောက်ရိုက်ကူးခဲ့သော သတင်းမှတ်တမ်း ဓာတ်ပုံများပေးပို့ခြင်း
- ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွက်ဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်မှုများ စုစည်းပေးပို့ခြင်း
- ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်(၁၆) ခုတင်ဆံ့၊ တိုင်းရင်းဆေးရုံသို့ ရေသန့်စက်(၁)စုံလှူဒါန်းရရှိမှုသတင်းမှတ်တမ်းပေးပို့ခြင်း
- ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်းကျေးရွာသို့ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆောင်ရွက်မှုမှတ်တမ်းပေးပို့ခြင်း
- ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တိုင်းရင်းဆေးကုဌာန၏ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ကွင်းဆင်းဆောင်ရွက်မှုမှတ်တမ်းပေးပို့ခြင်း
- မြိတ်ခရိုင်၊ မြိတ်မြို့ရှိသားဖွားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အခြေခံ တိုင်းရင်းဆေးပညာပေးသင်တန်းမှတ်တမ်းဓာတ်ပုံများပေးပို့ခြင်း
- နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၏ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတို့၌ကွင်းဆင်းဆောင်ရွက်မှုများပေးပို့ခြင်း၊
- မကွေးတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းဆေးရုံများနှင့်ခရိုင်ရုံးများ၊ မြို့နယ် တိုင်းရင်းဆေးကုဌာနများတွင် ဖတ်ပြီးပြန်ထားအငှားစာအုပ်စင် ထားရှိမှုသတင်း မှတ်တမ်းများပေးပို့ခြင်း၊
- မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိတိုင်းရင်းဆေးကုဌာနမှ (၁၈.၈.၂၀၁၈) ရက်နေ့တွင် ခွင်ချောင်းကျေးရွာအမက(မူလွန်)ကျောင်းသို့ အခမဲ့ ကွင်းဆင်းဆေးကုသခြင်းနှင့်ကျန်းမာရေးအသိပညာပေးမှတ်တမ်းများပေးပို့ခြင်း
- ပြင်ဦးလွင်မြို့တွင် မြန်မာ့တိုင်းရင်းပရဆေးဥယျာဉ် စိုက်ပျိုးမည့်သတင်းမှတ်တမ်း ပေးပို့ခဲ့ပါသည်။
၆။ အထွေထွေ
- ဖတ်ပြီးပြန်ထားအငှားစာအုပ်စင်တွင်ထားရှိသောစာအုပ်စာရင်းများလချုပ်ပြုစုခြင်း
- ၇/ ၂၀၁၈ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ကျင်းပပြုလုပ်သော စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် CTME ဆောင်ရွက်ထားရှိမှု သတင်းဓာတ်ပုံ အချက်အလက်များအား စုစည်းတင်ပြခြင်း
- တိုင်းရင်းဆေးတက္ကသိုလ်နှင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး(မန္တလေး)သို့ MITV မှ လာရောက်ရိုက်ကူးမည့်ကိစ္စအားအကြောင်းကြားပေးခြင်း
- မေယု FM တွင်ထုတ်လွှင့်ခဲ့သည့် ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်သည့် သတင်းများ အပေါ် တိုင်းရင်းဆေးပညာအမြင်အရသဘောထားမှတ်ချက်ပေးပို့ခြင်း၊
- ဌာနတွင်းကွန်ပျူတာသင်တန်း ၁/၂၀၁၈သို့ ဖွံ့ဖြိုးရေးဌာနစိတ်မှ အရာထမ်း(၂)ဦး၊ အမှုထမ်း (၂)ဦးတက်ရောက်ခြင်း
- နနွင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအားစုစည်းတင်ပြခြင်း
- လက်ချား၊ ယမ်းစိမ်းနှင့် ပတ်သက်သည့်အချက်အလက်များအားရှာဖွေတင်ပြခြင်း
- ကျန်းမာရေးသင်တန်းကျောင်း(လယ်ဝေး)တွင် ၂၀- ၈- ၂၀၁၈မှ ၂၃- ၈- ၂၀၁၈ ထိ ကျင်းပသောWorkshop on Development of IEC Materials သို့ ဖွံ့ဖြိုးရေးဌာနစိတ်မှ အရာထမ်းတစ်ဦး၊ အမှုထမ်းတစ်ဦးတက်ရောက်ခဲ့ပါသည်။