ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ကရင်ပြည်နယ် ဦးစီးဌာနမှူးရုံး နှင့် Nippon Foundation တို့ပူးပေါင်း၍ “ပရဆေးပင်ဆိုင်ရာ နည်းပညာသင်တန်းကျောင်း” ကို အောက်ဖော်ပြပါ နေ့ရက်များတွင် ဖွင့်လှစ်မည့် ဖြစ်ပါသည်။
(၁၉. ၅.၂၀၁၈)မှ (၂၀. ၅. ၂၀၁၈)ထိ လင်းကေးကော် ငြိမ်းချမ်းရေးဒေသ၊
(၂၁. ၅. ၂၀၁၈)မှ (၂၂. ၅. ၂၀၁၈)ထိ ရွှေကုက္ကိုလ်၊
(၂၇.၅.၂၀၁၈)မှ (၂၈.၅.၂၀၁၈)ထိသံတောင်ကြီး၊
(၄. ၆. ၂၀၁၈)မှ (၅. ၆.၂၀၁၈)အထိ ဘားအံမြို့နယ်တို့တွင် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ပို့ချမည့်အကြောင်းအရာများမှာ ကြက်ဟင်းခါး၊ ချင်း၊ ငရုတ်ကောင်း၊ ဒန့်သလွန်၊ တမာ၊ မန်ကျည်း၊ မြင်းခွာ၊ ရဲယို၊ ရှားစောင်းလက်ပပ်၊ သင်္ဘော အစရှိသည့် ဆေးဖက်ဝင်ပရဆေးအပင် (၁၀)မျိုး၏ အသုံးပြုပုံများကို ပို့ချသွားမည်ဖြစ်ပါသည်။