the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ်၊ တဆပ/နဆရ/၂၀၁၈ (         )

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေလ                ရက်

 

အကြောင်းအရာ။ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ။

ရည် ညွှန်း ချက်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၁၈-၅-၂၀၁၈) ရက်စွဲပါ စာအမှတ်၊ နဆရ/အထွေထွေ/ထလ/၂၀၁၈/၈၀၀၅

၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (MOFCOM) ၏ ပူးတွဲဖော်ပြပါ ပညာသင်ဆုများအားသက်ဆိုင်ရာ Website မှ တဆင့် တိုက်ရိုက် လျှောက်ထားနိုင်ပါကြောင်း နိုင်ငံခြားပညာသင်စိစစ်ရွေးချယ်စေလွှတ်ရေးလုပ်ငန်းကော်မတီမှတဆင့် ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။ 

၂။ အဆိုပါစာတွင် ပူးတွဲဖော်ပြပါ ဘာသာရပ်အသီးသီးသို့ လျှောက်ထားသူများသည် Bachelors ဘွဲ့ရရှိသူများသည် Master ဘွဲ့သို့ လျှောက်ထားနိုင်ပြီး၊ Master ဘွဲ့ရရှိသူများသည် Ph.D ဘွဲ့သို့ လျှောက်ထားနိုင်ပါကြောင်းနှင့် အသက်(၄၅)နှစ်အောက်ရှိရမည်ဖြစ်ပါသည်။ ထို့အပြင် အင်္ဂလိပ်ဘာသာ IETS 6.0 (သို့မဟုတ်)တရုတ်ဘာသာ HSK Level 4 ရရှိရမည်ဖြစ်ပါသည်။ သင်တန်းအတွက် Master ဘွဲ့လျှောက်ထားသူများကို (၂)နှစ်မှ (၃)နှစ်ကာလအထိလည်းကောင်း၊  Ph.D ဘွဲ့လျှောက် ထားသူများကို (၃)နှစ်မှ (၄)နှစ်ကာလအထိလည်းကောင်း သင်ကြားပို့ချမည် ဖြစ်ပါသည်။ ပညာသင်ဆု ရရှိသူများအနေဖြင့် သင်တန်းစရိတ်၊ လေယာဉ်စရိတ်နှင့် တည်းခိုနေထိုင် စရိတ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊(MOFCOM)  မှ ကျခံပေးမည် ဖြစ်ပါသည်။ 

၃။ သို့ဖြစ်ပါ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (MOFCOM) ၏ မြန်မာနိုင်ငံရှိ ပညာတော်သင် ခေါ်ယူခြင်းကိစ္စနှင့်ပတ်သက်၍ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားလာခြင်းအား သတ်မှတ်အရည်အချင်းပြည့်မီသူဝန်ထမ်းများသည် သက်ဆိုင်ရာ Website တွင် ဝင်ရောက် ကြည့်ရှု ဆက်သွယ်ပြီး ယှဉ်ပြိုင်လျှောက်ထားနိုင်ရန်အတွက် သိရှိနိုင်ပါရန်နှင့် လိုအပ်သလိုဆက်လက် ဆောင်ရွက်နိုင်ပါရန် အကြောင်းကြားပေးပို့အပ်ပါသည်။ 

Website လိပ်စာ:(http://www.csc.edu.cn/laihua or www.campusshina.org )

ပူးတွဲ-(၁၀)ရွက်

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

(ဒေါက်တာသိန်းဇော်လင်း၊ ညွှန်ကြားရေးမှူး- သုတေသနနှင့်ဖွံ့ဖြိုးရေး)

 

 

ဖြန့်ဝေခြင်း-

- ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး

- ညွှန်ကြားရေးမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန

- ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန 

- ဆေးရုံအုပ်၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)

- စက်ရုံမှူး၊ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်၊ မန္တလေး)

မိတ္တူကို-

- ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန 

- ရုံးလက်ခံ/ မျှောစာတွဲ

ပူးတွဲအပြည့်အစုံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ