the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

                                                                          စာအမှတ်၊တဆပ/နဆရ/၂၀၁၈ (           )

                                                                          ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဧပြီ လ      ၅     ရက်

သို့

          ပါမောက္ခချုပ်

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)

အကြောင်းအရာ။      ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ

ရည် ညွှန်း ချက်။       ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂-၄-၂၀၁၈ ရက်စွဲပါ    စာအမှတ်၊ IRD/ပညာသင်-ခ(၂၀၁၈) ၅၃၉၃

 

အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍          ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (TICA) သည် Thailand Research Fund (IRF) နှင့် Swedish International Development Cooperation Agency (Sida) တို့နှင့် ပူးပေါင်း၍ ပါရဂူဘွဲ့ပညာသင် ဆု(၃)ဆု ပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံမှ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် သင်္ချာ ဘာသာရပ်စသည့် သိပ္ပံပညာရပ်ဆိုင်ရာကဏ္ဍမှ သင်တန်းသားများ အဆိုပြုလျှောက်ထားနိုင်ပါကြောင်း နှင့် သင်တန်းသားများသည် သက်ဆိုင်ရာ Website မှတဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်း နှင့် လျှောက်ထားမည့်သူများ၏ အမည်စာရင်းအားပေးပို့ရန် အကြောင်းကြား လာပါသည်။

သို့ဖြစ်ပါ၍ လျှောက်ထားလိုသည့် သက်ဆိုင်ရာဘာသာရပ်ပညာရှင်များသည် တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်းသို့ မိတ္တူပေးပို့၍ သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 

အမှတ်စဉ်                                   သင်တန်းဘာသာရပ်

၄၉                        Doctoral Studies in the field of Physics, Chemistry

(၁)                        Mathematics and Applied Sciences

 

 

                                                  ညွှန်ကြားရေးမှူးချုပ်ကိုယ်စား

                                            (ဒေါက်တာသိန်းဇော်လင်း၊ ညွှန်ကြားရေးမှူး-သုတေသနနှင့်ဖွံ့ဖြိုးရေး)

မိတ္တူကို-

          - ရုံးလက်ခံ/  မျှောစာတွဲ

ပူးတွဲအပြည့်အစုံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ