the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် 2019 Novel Corona Virus ကူးစက်ရောဂါအကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ယ‌နေ့ ၅-၂-၂၀၂၀ ရက်နေ့၊ နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို)တို့ ပူးပေါင်းဆောင်ရွက်သော 2019 Novel Corona Virus ကူးစက်ရောဂါ အကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)မှ ဥက္ကဋ္ဌ ဦးစိုးဝင်းမှ အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အခမ်းအနားတွင် ဗဟိုကူးစက်ရောဂါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က 2019 Novel Corona Virus ကူးစက်ရောဂါအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော် ကောင်စီနယ်မြေ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဦးနေအောင်မှ 2019 Novel Corona Virus ကူးစက်ရောဂါအကြောင်းအား တိုင်းရင်းဆေးပညာရှုထောင့်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့