the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကျင်းပရခြင်း

ရည်ရွယ်ချက်

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

(၁)     နိုင်ငံတော်အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးကောင်းမွန်၍ အသုံးချနိုင် သည့် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုပေါ်ထွက်လာစေရန်

(၂)     မြန်မာ့တိုင်းရင်းဆေးပညာရပ်အား အတွေ့အကြုံအခြပြုဆေးပညာရပ် (Experience Based Medicine) မှ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမည့် သက်သေအထောက်အထား အခြေပြု ဆေးပညာ (Evidence Based Medicine) အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန်

(၃)     မြန်မာနိုင်ငံ၏ အဓိကကျန်းမာရေးပြသနာများနှင့် ကူးစက်နိုင်ခြင်းမရှိသည့် ရောဂါများ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးသစ်နှင့် ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရန်

(၄)     တိုင်းရင်းဆေးသုတေသနလုပ်ငန်းများနှင့် သုတေသနစာတမ်းဖတ်ပွဲများ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးအတွက် အခြေခံကောင်းများ ဖြစ်ထွန်းလာစေရန်

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ