ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးနှင့်အတူ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးဝါးများထုတ်လုပ်မှုနှင့် အရည်အသွေးထိန်းသိမ်း တိုးတက်စေခြင်းဖြင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ခြင်းစီမံချက် (Project for strengthening primary health care by improving manufacturing and quality control of traditional medicine in Myanmar)) နှင့်ပတ်သက်၍ Japan International Cooperation Agency (JICA) အစီအစဉ်ဖြင့် လာရောက်သည့်ဂျပန်နိုင်ငံ Institute of Natural Medicine, University of Toyama မွ Dr. Katsuhiro KONNO၊ Imamura Pharma Consulting Corporation မွ President Mr. Masashi IMAMURA နှင့် Watanabe Pharmaceutical Industrial Co., Ltd. မှ Managing Director Mr. Koichi WATANABE တို့အား လက်ခံတွေ့ဆုံခဲ့ပါသည်။
ဂျပန်နိုင်ငံ တိုးယာမတက္ကသိုလ်မှ professor အဖွဲ့သည် pharmaceutical administration ခေါင်းစဉ်ဖြင့် Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။ တက်ရောက်လာကြသူများမှ ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြ ပါသည်။