the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန မွန်ပြည်နယ်၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း/C.T.M.E./

မွန်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် (၆-၅-၂၀၁၆)ရက်နေ့မှ(၂၃-၇-၂၀၁၆) ရက်နေ့အထိ မော်လမြိုင်- ချောင်းဆုံ-ကျိုက်မရော- မုဒုံ-သံဖြူဇရပ်-ရေး-သထုံ- သုဝဏ္ဏဝတီ- ကျိုက်ထို-ဘီးလင်း-မြို့နယ်များ၊ မော်လမြိုင်ဆေးရုံ- သထုံဆေးရုံ-နှင့် ရိုးကိုး-ကွမ်းသဲ-နတ်ဆန်း-ကျိုက်ရွဲ- ဂျုံကတက်-ဆုံနံ့သာ-သရက်တော-ကရိုက်ကြီး-ခဝါချောင်-နှင်းပုလဲ-ကတိုက်ကလေး- တောင်ဇွန်း- ကျေးရွာများနှင့် အမျိုးသမီးစောင့်ရှောက်ရေး လူငယ်သင်တန်းကျောင်းတို့တွင် အခြေခံတိုင်းရင်းဆေးအကြောင်းနှင့် ရာသီဥတုအလိုက်ဖြစ်တတ်သောရောဂါများ၊ မီးဖို ချောင်သုံးဆေးပစ္စည်းများနှင့် ဒေသပေါက်ဆေးဖက်ဝင်အပင်များအကြောင်း လူဦးရေ စုစုပေါင်း(၉၃၈)ဦးတို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

          

မွန်ပြည်နယ်၊ မော်လမြိုင် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂၈-၅-၂၀၁၆) ရက်နေ့ တွင် သွေးတိုးရောဂါအကြောင်း၊ (၂၅-၆-၂၀၁၆)ရက်နေ့တွင် သွေးချိုဆီးချိုရောဂါအကြောင်း၊ (၂၃-၇-၂၀၁၆)ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ