the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း/C.T.M.E

မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၁၆-၅-၂၀၁၆)ရက်နေ့မှ (၂၃-၆-၂၀၁၆) ရက်နေ့အထိ ပြင်ဦးလွင်- ပုသိမ်ကြီး- တောင်သာ- မြို့နယ်များနှင့် ကိုင်း- သုံးတောင်- သပြေကျဉ်း- ပုသိမ်ကြီး မြို့နယ်ရှိရွာများတွင် ထွေထွေရောဂါများ၊ အရိုးအကြော အဆစ် ရောဂါများ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါတို့ကို ကုသပေးခြင်း လူဦးရေ စုစုပေါင်း (၅၅၀)ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင် ခဲ့ပါသည်။

       

မန္တလေးတိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၆-၄-၂၀၁၆)ရက်နေ့မှ (၁၄-၇-၂၀၁၆) ရက်နေ့ အထိ မန္တလေး- မိုးကုတ်- မြို့များနှင့် သရက်တစ်ပင်- ကြံခင်း- ကျေးရွာတို့တွင် လူဦးရေစုစုပေါင်း(၁၅၀)ဦး တို့ကို ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများ ကို ဆောင်ရွက်ခဲ့ပါသည်။

       

မန္တလေးတိုင်းဒေသကြီး၊ ခုတင်ဆံ့ (၁၀၀) တိုင်းရင်းဆေးရုံတွင် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် မီးယပ်ရောဂါကုဌာန၊ ပဉ္စကမ္မရောဂါဌာနနှင့် အထွေထွေရောဂါကုဌာနများတွင် (၆-၄-၂၀၁၆) ရက်နေ့မှ (၁၄-၇-၂၀၁၆) ရက်နေ့အထိ မီးယပ် ရောဂါ- အနာပေါက်ရောဂါ- ကလေးရောဂါ- ရောဂါအကြောင်း တို့ကို ဟောပြောဆွေးနွေး ပို့ချနိုင်ခဲ့ပါသည်။

       

မန္တလေးတိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံတွင် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၂၃-၇-၂၀၁၆) ရက်နေ့တွင် C.T.M.E. ပညာပေးဟောပြောခြင်းတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း တို့ကို ဟောပြောဆွေးနွေး ပို့ချနိုင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ