မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂၅-၅-၂၀၁၆)ရက်နေ့မှ (၁၄-၇-၂၀၁၆) ရက်နေ့အထိ မကွေး- မိချောင်းရဲ- မြို့သစ်- နတ်မောက်- ရေနံချောင်း- ချောက်- တောင်တွင်းကြီး- မင်းဘူး- ပွင့်ဖြူ- စလင်း- သရက်- အောင်လံ- ဆင်ပေါင်ဝဲ- မင်းလှ- ပခုက္ကူ- ရေစကြို- မြိုင်- ပေါက်- ထီးလင်း- ဂန့်ဂေါ- ဆော မြို့နယ်များ နှင့် ကြိုးဝင်း- မန်ကျည်းကန်- နတ်ကန်- နွားကူး- အထက(၁)- အောင်မေတ္တာ- အင်းဦး- တလုတ်ပင်- ကံကြီး- ကျောက်တန်း- ဂွေးတောက်ကုန်း- ညောင်ဇောက်ချောင်း- ဘိုးဘွားရိပ်သာ- ဘဲဆိပ်- အစရှိသည့် ကျေးရွာစုစုပေါင်း(၇၅)ရွာများတွင် တိုင်းရင်းဆေးပညာအကြောင်း ဟောပြောခြင်း၊ ကွင်းဆင်း ဆေးကုသခြင်း၊ ကျောင်းကျန်းမာရေးဆောင်ရွက်ပေးခြင်းများကို လူဦးရေ စုစုပေါင်း (၄၂၂၂)ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ (၅၀)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၂၃-၇-၂၀၁၆) ရက်နေ့တွင် C.T.M.E./ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့ကို ပို့ချ နိုင်ခဲ့ပါသည်။