the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း/C.T.M.E

ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင် အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၁၁-၅-၂၀၁၆)ရက်နေ့မှ (၁၇-၇-၂၀၁၆) ရက်နေ့အထိ ပဲခူး- ဘုရားကြီး-မြို့နယ် နှင့် ညောင်အင်း- မုန်တိုင်း- အလင်းရောင်- ရွှေတန်း- အဝိုင်း- သာယာအေး- အင်းတကော်- ကျေးရွာများတွင် ထွေထွေရောဂါများ၊ အရိုးအကြော အဆစ် ရောဂါများ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ မီးဖိုချောင်သုံး ဆေးဖက်ဝင်အပင်များအကြောင်း၊ တိုင်းရင်းဆေးပညာအခြေခံသဘောတရားများ နှင့် ဥတု ရာသီအလိုက် ဖြစ်တတ်သောရောဂါများအကြောင်းတို့ကို လူဦးရေစုစုပေါင်း(၄၂၁)ဦး တို့ကို ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။

       

 ပဲခူးတိုင်းဒေသကြီး၊ (၂၅)ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံတွင် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂၂-၇-၂၀၁၆) ရက်နေ့တွင် C.T.M.E. ပညာပေးဟောပြောခြင်းတွင် ဝမ်းပျက်ဝမ်းလျှော တို့ကို ပို့ချနိုင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်