၂၀၁၉ ခုနှစ် မေလ ၂၃ ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေသည် ၇၂ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ တက်ရောက် ဆွေးနွေးခြင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းသည် ဒေါက်တာလီဂျောင်ဟု ဆုကို လက်ခံရယူရန် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ရောက်ရှိနေခြင်း ဖြစ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။