the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂-၆-၂၀၁၆)ရက်နေ့မှ (၂၂-၇-၂၀၁၆) ရက်နေ့အထိ စစ်ကိုင်း- ကလေး- ချောင်းဦး- တမူး- မြို့နယ်များ နှင့် သုံးပန်းလှ- သန်းပင်ကန်- ဘလွေ- ဝယာ- ကျောက်ဆစ်ကန်- ကျေးရွာများတွင် အထွေထွေရောဂါများ၊ အရိုးအကြော အဆစ်ရောဂါများ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါများအား လူဦးရေစုစုပေါင်း(၃၂၆)ဦး တို့ကို ကုသပေးခဲ့ပါသည်။

         

ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် (၆-၆-၂၀၁၆) ရက်နေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ တွင် တိုင်းရင်းဆေးကုဌာန ကို ဖွင့်လှစ်ခဲ့ပါသည်။ ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် (၃၀-၆-၂၀၁၆) ရက်နေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ တမူးမြို့ တွင် တိုင်းရင်းဆေးကု ဌာန ကို ဖွင့်လှစ်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ