ချင်းပြည်နယ်၊ ဟားခါး (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၁၃-၅-၂၀၁၆)ရက်နေ့မှ(၆-၇-၂၀၁၆) ရက်နေ့ အထိ ဟားခါး-မင်းတပ်-ဖလန်း-တီးတိန်- တွန်းဇံ-မဒူပီ-ကန်ပက်လက် မြို့နယ်များနှင့် ကျောပုတ်- ချွန်ကျုံး-ပြည်တော်သာ- ကြောင်ထဲ-လုံးပြီး- ဘွင်း-စိုင်းဇံ-တွင်းတူ-ဖိုင်တူ-ဟီလောင်း-ကျေးရွာတို့တွင် အခြေခံတိုင်းရင်းဆေးအကြောင်းကို လူဦးရေ စုစုပေါင်း (၁၃၀၂) ဦး တို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။
ချင်းပြည်နယ်၊ ဟားခါး (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၄-၅-၂၀၁၆)ရက်နေ့တွင် သွေးတိုးရောဂါနှင့် ဆေးဖက်ဝင်အပင်များအကြောင်းနှင့် (၁၃-၆-၂၀၁၆)ရက်နေ့တွင် ဆီးချိုရောဂါအကြောင်း တို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။
ချင်းပြည်နယ်၊ ဟားခါး ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော် ချင်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးတွင်၊ ဌာနဆိုင်ရာ ရုံးလုပ်ငန်း/ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း(ဆင့်ပွားသင်တန်း) အမှတ်စဉ် (၁/၂၀၁၆) ကို (၂-၇-၂၀၁၆)မှ (၆-၇-၂၀၁၆)အထိ ပြန်လည် ပို့ချနိုင်ခဲ့သည်။