၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ညွှန်ကြားရေးမှူး (စီမံ) တို့နှင့်အတူ မန္တလေးတိုင်းဒေသကြီးမှ မန္တလေးတိုင်းဒေသကြီး တိုင်းမှူး ဦးစန်းလွင် တို့ပါဝင်သောအဖွဲ့သည် မန္တလေးတိုင်း တိုင်းရင်းဆေးဝါးစက်ရုံသစ် ဖြစ်ထွန်းအောင်မြင်ရေးအတွက် သွားရောက်ကြည့်ရှူ စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။