the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန ကယားပြည်နယ်၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း/C.T.M.E

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကယားပြည်နယ်၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၇-၅-၂၀၁၆)ရက်နေ့မှ (၂၃-၇-၂၀၁၆)ရက်နေ့ အထိ လွိုင်လင်လေး-လောပိတ/ရှမ်းရွာ-လယ်ထွဲ-ထေးငှား- ကျေးရွာတို့တွင် မီးဖိုချောင်သုံး ဆေးဖက်ဝင်အပင်များအကြောင်း၊ မြင်းခွာ-ရဲယို- ကြိတ်မှန် ဆေးဖက်ဝင် စွမ်းအားအကြောင်း၊ မိုးရွာသီတွင်ဖြစ်တတ်သော ဝမ်းပျက်ဝမ်းလျှာရောဂါအကြောင်းနှင့် ခါးနားရောဂါအကြောင်း များကို လူဦးရေစုစုပေါင်း(၃၂၁)ဦးတို့အား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

       

ကယားပြည်နယ်၊ ဒီမောဆို ခုတင်(၁၆)ဆံ့၊ တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် မေလမှ ဇူလိုင်လ အထိ ဒေါစဲရွာ-တနီးလာလဲ-ကံ(၇)ဆင့်-ဝမ်းလထွာ-ကျေးရွာတို့တွင် ဆီးချိုရောဂါအကြောင်း၊ သွေးတိုးရောဂါ နှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းများကို လူဦးရေစုစုပေါင်း (၂၈၅)ဦးတို့ကို ဟောပြော ဆွေးနွေး ပို့ချခဲ့ပါသည်။

       

ကယားပြည်နယ်၊ လွိုက်ကော် တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် မေလမှ ဇူလိုင်လ အထိ ထေးငှား- လဲထွဲ- ကျေးရွာတို့တွင် သိသင့်သိထိုက်သော တိုင်းရင်းဆေးပညာအကြောင်း၊ မိုးရာသီတွင် ဖြစ်တတ် သော ရောဂါများအကြောင်း၊ မီးဖိုချောင်သုံးဆေးပစ္စည်းများအကြောင်းများကို လူဦးရေ စုစုပေါင်း(၁၂၀) ဦးတို့ကို ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။

       

ကယားပြည်နယ်၊ ဒီမောဆို တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀) စီမံချက် အကောင် အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၈-၅-၂၀၆)ရက်နေ့မှ(၁၀-၇-၂၀၁၆)ရက်နေ့ အထိ နောင်ပလဲကျေးရွာ- ဆိုဘောသဲနှင့် တေးဆူလဲကျေးရွာတို့တွင် သွေးတိုးရောဂါအကြောင်းကို လူဦးရေ စုစုပေါင်း(၁၁၀)ဦးတို့ကို ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။

       

ကယားပြည်နယ်၊ ဖရူးဆိုး တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၁၅-၅-၂၀၆)ရက်နေ့မှ(၁၀-၇-၂၀၁၆)ရက်နေ့ အထိ ကဒါးလား-ထီးကလူဒေါ-ထီပေါကျေးရွာတို့တွင် အခြေခံတိုင်းရင်းဆေးပညာအကြောင်း ကို လူဦးရေ စုစုပေါင်း(၁၆၀)ဦးတို့ကို ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။

       

ကယားပြည်နယ်၊ ဘောလခဲ တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၁၁-၅-၂၀၆)ရက်နေ့မှ(၇-၇-၂၀၁၆)ရက်နေ့ အထိ နန်ဖဲ-ဝမ်းချဲ-မိုင်းခမ်း(အလက)-ကျေးရွာတို့တွင် အယ်နီညိုအကြောင်း၊ သွေးတိုးရောဂါ အကြောင်း၊ ဆေးဖက်ဝင်အပင်များအကြောင်း နှင့် တစ်ကိုယ်ရေကျန်းမာမှုလူတိုင်း အဆင်ပြု အကြောင်းတို့ကို လူဦးရေ စုစုပေါင်း(၁၆၅)ဦးတို့ကို ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။

       

ကယားပြည်နယ်၊ ဖားစောင်း တိုင်းရင်းဆေးကုဌာနသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၁၈-၅-၂၀၆)ရက်နေ့မှ(၂၀-၇-၂၀၁၆)ရက်နေ့ အထိ ခဲမဖြူ-ပါပု-ပါပု(အလက)-နန်းကစ်(အမက) -ကျေးရွာတို့တွင် အစာလည်းဆေး-ဆေးလည်းအစာ၊ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု- ဒေသပေါက်ဆေးပင်များ အသုံးပြုပုံနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်းတို့ကို လူဦးရေ စုစုပေါင်း(၂၄၅)ဦးတို့ကို ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။

       

ကယားပြည်နယ်၊ (၅၀)ခုတင်ဆံ့ လွိုင်ကော် တိုင်းရင်းဆေးရုံသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၃၁-၅-၂၀၆)ရက်နေ့တွင် သွေးတိုးရောဂါ အကြောင်း၊ (၁၆-၆-၂၀၁၆)ရက်နေ့တွင် ဆီးချိုရောအကြောင်းကို ပညာပေးအစီအစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ