၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်မှ ဦးဆောင်၍ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ကာလတန်ဖိုး ကျပ်(၁၀)သိန်းခန့်ရှိသော လေ့ကျင့်ခန်း ပြုလုပ်သည့် အားကစားပစ္စည်း(၄)မျိုးကို မြို့နယ်တိုင်းရင်းဆေးကုဌာန၏ ရှေ့မျက်နှာစာ၌ တပ်ဆင်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။