the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာနအား ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်  ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရုံးချုပ်)တပ်ကုန်း၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အသံလွှင့်ဌာနခွဲ၏ရေဒီယိုအစီအစဉ် (သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်)တွင်ပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအား ပြန်ကြားရေးဝန်ကြီး ဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြှင့်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာကို တိုင်းရင်းဆေးပညာဦးစီးဌာနကိုယ်စား ဖွံ့ဖြိုးရေးဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည်နှင့် အဖွဲ့ဝင်များမှ တက်ရောက်လက်ခံခဲ့ပါသည်။

 

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း