၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးဦးဆောင်၍ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီးမှ မန္တလေးတိုင်းမှူး တို့ပါဝင်သောအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်ပရဆေးဉယျာဉ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဉယျာဉ်အတွင်း စိုက်ပျိုးထားမှု၊ ဖြည့်ဆည်းမှုများ ဆောင်ရွက်ထားရှိမှုများနှင့် ကြိုးစားထားမှုများကို ဂုဏ်ယူပါကြောင်းပြောကြားပြီး မိုင် ၃၀/၆ ပျိုးဉယျာဉ်ဖြစ်ထွန်းရေး ကူညီပေးဖို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။





