the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး ဦးဆောင်၍ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းမှူး တို့ပါဝင်သောအဖွဲ့သည် ပြင်ဦးလွင်ပရဆေးဉယျာဉ်မှ ဝန်ထမ်းများ ကြိုးစားထားမှုများကို ဂုဏ်ယူပါကြောင်းပြောကြား

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးဦးဆောင်၍ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီးမှ မန္တလေးတိုင်းမှူး တို့ပါဝင်သောအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်ပရဆေးဉယျာဉ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဉယျာဉ်အတွင်း စိုက်ပျိုးထားမှု၊ ဖြည့်ဆည်းမှုများ ဆောင်ရွက်ထားရှိမှုများနှင့် ကြိုးစားထားမှုများကို ဂုဏ်ယူပါကြောင်းပြောကြားပြီး မိုင် ၃၀/၆ ပျိုးဉယျာဉ်ဖြစ်ထွန်းရေး ကူညီပေးဖို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ