၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး ဦးဆောင်၍ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီးမှ မန္တလေးတိုင်းမှူးတို့ပါဝင်သော အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပြင်ဦးလွင်ခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ပရဆေးပျိုးဉယျာဉ်နေရာများသို့ သွားရောက်ပြီး လေ့လာကြည့်ရှူ စစ်ဆေးပြီးလိုအပ်သည်များကို မှာကြားကာ မြေပြင်တွင် ကြည့်ကြပြီး စတင် အကောင်အထည်ဖော်ကြပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။