the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာနတွင် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အစီအစဉ် စတင်ခြင်း

၂၀၁၈  ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ရုံးအမှတ် ၄၇ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းရင်းဆေးပညာဦးစီးဌာမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်  ပူးပေါင်း ဆောင်ရွက်မည့် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အစီအစဉ်ကို စတင်ရန်အတွက် အားကစားပြုလုပ်မည့်ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းနှင့် Physical Examination များကို မှတ်သားခြင်းများပြုလုပ်ခဲ့ပါသည်။

ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်တွင် ပထမအသုတ် ပါဝင်ကစားသူ တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်လင်း၊ စီမံ/ဘဏ္ဍာဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်တင့်တင့်ခိုင်၊ သုတေသနဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေ၊ စီမံဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦး၊ ဆေးဝါးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဟန်၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ လ/ထညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည်၊ သုတေသနဌာနစိတ်မှ လ/ထညွှန်ကြားရေးမှူး ဒေါက်တာခင်သန့်ဇင်၊ ဘဏ္ဍာရေးဌာနစိတ်မှ လ/ထညွှန်ကြားရေးမှူး ဒေါ်စန်းမြသော်တာ၊ ဆေးဝါးဌာနစိတ်မှ လ/ထညွှန်ကြားရေးမှူး ဒေါ်သီရိကျော်စိုးတို့ပါဝင်ကြပြီး ကျား(၁၂)ဦး၊ မ(၅၆)ဦး စုစုပေါင်း(၆၈)ဦးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ လ/ထညွှန်ကြားရေးမှူး ဒေါက်တာ အိမွန်ဝင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ လ/ထညွှန်ကြားရေးမှူး ဒေါ်စုစုနိုင်၊ အခြေခံကျန်းမာရေးဌာနခွဲ လ/ထညွှန်ကြားရေးမှူး ဒေါက်တာဇာဏီလွင်၊ စီမံခန့်ခွဲရေးဌာနခွဲမှ လ/ထညွှန်ကြားရေးမှူး ဒေါ်ခင်မမကျော်တို့ ပါဝင်ကြပြီး ကျား(၉)ဦး၊ မ(၄၄)ဦး စုစုပေါင်း (၅၃)ဦး ပါဝင်ကစားကြမည်ဖြစ်ပါသည်။

၄င်းအစီအစဉ်ကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဝန်ထမ်းနည်းပြများမှ သရုပ်ပြခြင်း၊ လေ့ကျင့်သင်ကြားခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ