၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်
------------
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ
ကြီးမှူးကျင်းပ၍ WHO အထောက်အပံ့ဖြင့် ဖွင့်လှစ်သော တိုင်းရင်းဆေးပညာရှင်များအတွက် ဆေးရုံစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုသင်တန်း (၄/၂၀၁၉)”
Hospital Management and Leadership Training for Traditional Medicine Practitioners (4/2019) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို အမျိုးသားပရဆေးဥယျာဉ် (ရှင်းလင်းဆောင်) နေပြည်တော် ၌ ကျင်းပခဲ့ ပါသည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ က သင်တန်းအဖွင့်အမှစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာသံလွင်ထွန်း ညွှန်ကြားရေးမှူးများ နှင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ပါသည်။
အဆိုပါ သင်တန်းသို့ ဆေးရုံအုပ်များနှင့် ဒုတိယဆေးရုံအုပ်များ စုစုပေါင်း(၂၄)ဦး
သင်တန်းတက်ရောက်ခဲ့ကြသည်။ သင်တန်းကာလသည် (၅.၈.၂၀၁၉) မှ(၉.၈.၂၀၁၉)ရက်နေ့အထိဖြစ်ပါသည်။