ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ်၊တဆပ/သု-ဖွံ့/၂၀၁၇(၂၉၈၆)
ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၁ရက်
သို့
----------------------------------
----------------------------------
အကြောင်းအရာ။ တိုင်းရင်းဆေးပညာမဂ္ဂဇင်း အမှတ်စဉ်(၃၀)တွင် ပါ၀င်ရေးသားရန် စာမူများ ဖိတ်ခေါ်ခြင်း။
အထက်ပါအကြောင်းအရာပါကိစ္စနှင့်ပက်သက်၍ (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာစာပေဖွံ့ဖြိုးမှုကော်မတီက တိုင်းရင်းဆေးပညာမဂ္ဂဇင်း အမှတ်စဉ်(၃၀)ကို ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ စာပေပညာရှင် စာရေးဆရာကြီး/ဆရာမကြီးများ၊ တိုင်းရင်းဆေးပညာရှင်များနှင့်ဝါသနာရှင်များအနေဖြင့် သုတ/ရသဆိ်ုင်ရာ ဆောင်းပါး/ကဗျာ/၀တ္ထု/ကာတွန်းများကို အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာစာပေဖွံ့ဖြိုးရေးကော်မတီ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄၇)၊ နေပြည်တော်သို့ လိပ်မူ၍(၃၀-၁၀-၂၀၁၇)ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း အကြောင်းကြားဖိတ်ခေါ်အပ်ပါသည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ဒေါက်တာချမ်းငြိမ်းမောင်၊ညွှန်ကြားရေးမှူး-တာဝန်)
မိတ္တူကို-
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ရုံးလက်ခံ/ မျှောစာတွဲ