ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ ( ၃၁၇၁ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ( ၂၅ )ရက်
သို့
-----------------------------------
-----------------------------------
အကြောင်းအရာ။တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်စဉ် (၃၁)တွင် ပါဝင်ရေးသားရန် စာမူများ ဖိတ်ခေါ်ခြင်း။
အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာမဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီက တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်စဉ် (၃၁) ကိုထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ စာပေပညာရှင် စာရေးဆရာကြီး/ဆရာမကြီးများ၊ တိုင်းရင်းဆေးပညာရှင်များ နှင့် ဝါသနာရှင်များအနေဖြင့် သုတ/ ရသဆိုင်ရာဆောင်းပါး/ ကဗျာ/ ဝတ္ထု/ ကာတွန်းများကို အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာမဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ၊ ဖွံ့ဖြိုးရေးဌာနစိတ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄၇)၊ နေပြည်တော်သို့ လိပ်မူပြီး (၃၀.၉.၂၀၁၈)ရက်နေ့ နောက်ဆုံးထား၍ စာမူများ ပေးပို့နိုင်ပါကြောင်း အကြောင်းကြားဖိတ်ခေါ်အပ်ပါသည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
ဒေါက်တာသိန်းဇော်လင်း( ညွှန်ကြားရေးမှူး၊ သု/ဖွံ့)
မိတ္တူကို-
၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၂။ ညွှန်ကြားရေးမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန
၃။ ရုံးလက္ခံ/ မျှောစာတွဲ