the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာမဂ္ဂဇင်းတွင် ပါ၀င်ရေးသားရန် စာမူများ ဖိတ်ခေါ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ်၊တဆပ/ သု-ဖွံ့/ ၂၀၁၆( )

ရက်စွဲ ၊၂၀၁၆ခုနှစ်၊ သြဂုတ်လ( )ရက်

သို့

..............................................................................................

..............................................................................................

..............................................................................................

အကြောင်းအရာ ။                     ။တိုင်းရင်းဆေးပညာမဂ္ဂဇင်းတွင် ပါ၀င်ရေးသားရန် စာမူများ ဖိတ်ခေါ်ြခင်း။

အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ (၁၇)ကြိမ်မြောက် ြမန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲကုိ ဂုဏ်ပြုကြိုဆိုသော အားြဖင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာ စာပေဖွံ့ဖြိုးမှုကော်မတီက တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်(၂၉)ကို ထုတ်‌ေ၀နိုင်ရန် စီစဥ်ဆောင်ရွက် လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ စာပေပညာရှင် စာရေးဆရာကြီး/ဆရာမကြီးများ၊ တိုင်းရင်းဆေးပညာရှင် များနှင့် ၀ါသနာရှင်များအနေဖြင့် သုတ/ရသဆိုင်ရာ ဆောင်းပါး/ ကဗျာ/ ၀တ္တု/ ကာတွန်းများကို အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာစာပေဖွံ့ဖြိုးရေးကော်မတီ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ရုံးအမှတ် (၄၇) ၊ နေပြည်တော်သို့လိပ်မူ လျက် (၃၁.၁၀.၂၀၁၆) ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်ကြောင်း အကြောင်းကြား ဖိတ်ခေါ်အပ်ပါ သည်။

ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)

   (ဒေါက်တာသိန်းဇော်လင်း၊ဒုတိယညွှန်ကြားရေးမှူး(ဖွံ့ဖြိုးရေး)

မိတ္တူကို -

(၁)။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

(၂)။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန

(၃)။ ရုံးလက်ခံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ