the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်အား အလုံးစုံခြုံငုံလေ့လာ သုံးသပ်ခဲ့မှု အစီရင်ခံစာအား ရှင်းလင်း တင်ပြခြင်းအခမ်းအနား

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်

တိုင်းရင်းဆေးတက္ကသိုလ်၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးတက္ကသိုလ် အထူးအကြံပေးအဖွဲ့မှ တိုင်းရင်းဆေးတက္ကသိုလ်အား အလုံးစုံခြုံငုံလေ့လာ သုံးသပ်ခဲ့မှုအစီရင်ခံစာအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ရာတွင် တိုင်းရင်းဆေးတက္ကသိုလ်အား ဆေးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ် များနှင့်အဆင့်အတန်းတူ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တိုင်းရင်းဆေးတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်ပေါင်းစုံမှပညာရှင်အသီးသီးပါဝင်သော အထူးအကြံပေးအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခု ဖွံ့ဖြိုးတိုးတက်လာ ရေးတွင် ဆရာ/ဆရာမများ၏ အရည်အသွေး၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားပုံနည်းစနစ်များ၊ သင်ကြားမှုအထောက်အကူပစ္စည်းနှင့် သင်ကြားသင်ယူမှုပတ်ဝန်းကျင် ကောင်းမွန်ပြည့်စုံမှုနှင့် ခေတ်မီစာကြည့်တိုက် များဖွင့်လှစ်ထားရှိမှု၊ သုတေသနဆောင်ရွက်မှု၊ ခံယူချက်နှင့်ကျင့်ဝတ်လိုက်နာမှုများစသည့် အကြောင်းအရာများစွာအပေါ်မူတည်နေကြောင်း၊ တိုင်းရင်းဆေး တက္က သိုလ် ဖွံ့ဖြိုးတိုးတက်လာပါက အရည်အချင်းပြည့်ဝ သောတိုင်းရင်းဆေးပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးနိုင်ကာ ပြည်သူများကို ပိုမိုအရည်အသွေးပြည့်ဝစွာ ကုသပေးနိုင်မည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဤအဖွဲ့၏အကြံပြုတင်ပြချက်များကို အလေးအနက် ထားစဉ်းစား၍ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် အထူးအကြံပေးအဖွဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၁)ယောက်ချင်းဆီက တက္ကသိုလ်၏ သင်ကြား ပုံနည်းစနစ်နှင့် သင်ရိုးညွှန်းတမ်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များ၊ နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်တစ်ခု ဖြစ်ပေါ်လာစေရေး၊ သုတေသနဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနဆိုင်ရာ  ကျင့်ဝတ်ကော်မတီ ဖွဲ့စည်းနိုင်ရေး၊ ဓါတ်ခွဲခန်းအဆင့်အတန်း မြင့်မားတိုးတက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များ၊ သုံးသပ်အကြံပြုချက်များ၊ ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့်အချက်များကို သက်ဆိုင်ရာ နယ်ပယ် တစ်ခုချင်းစီ အလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ