the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာ/ ဆရာမများ တိုင်းရင်းဆေးပညာဖြင့် ပြည်သူများအား အခမဲ့ ဆေးကုသမှုများ ပြုလုပ်နေစဉ် ဆေးပေါင်းအိုးတည်ထားသည့် ဂက်စ်မီးဖို မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွား

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ခရိုင်/မြို့နယ်တိုင်းရင်းဆေးဝန်ထမ်းများသည်ကျောက်ဆည်မြို့နယ်ကျီးအိပ်ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် တိုင်းရင်းဆေးပညာဖြင့်ပြည်သူများအား အခမဲ့ဆေးကုသမှုများ ပြုလုပ်နေစဉ် ဆေးပေါင်းအိုးတည်ထားသည့် ဂက်စ်မီးဖို မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။

ထိုသို့ဆေးပေါင်းဂက်စ်မီးဖို မတော်တဆဖြစ်ပွားမှုကြောင့် တိုင်းရင်းဆေးတက္ကသိုလ် လက်ထောက်ကထိက ဦးဝင်းဇော်၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းထင်၊ မြို့နယ် တိုင်းရင်းဆေးကုဌာန ဒေါ်လင်းလင်းကြူနှင့်စတုတ္ထနှစ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသူ မပန်းအိစံတို့မှာ ဒဏ်ရာ(မစိုးရိမ်ရ) ရှိခဲ့ပါသည်။ အခြားဆုံးရှုံးမှုများနှင့် သေပျောက်မှုမရှိကြောင်း လည်းသိရပါသည်။

အဆိုပါဖြစ်စဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးအပါအဝင် ဝန်ကြီးဌာနမှ တာဝန်ရှိရှိသူများက အခြေအနေမေးမြန်း၍ အားပေးစကားပြောကြားပါသည်။ ကျောက်ဆည်ဆေးရုံသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ဆေးရုံအုပ်၊ ကျန်းမာရေးဦးစီးဌာနမှ တိုင်းကုသရေးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်၊ ကျောက်ဆည်ဆေးရုံမှ တာဝန်ရှိသူများလာရောက်ကြည့်ရှူပြီး လိုအပ်တာများကို ကူညီပံ့ပိုးပေးခဲ့ပါသည်။ 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ