၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၌ တိုင်းရင်းဆေးတက္ကသိုလ်တွင် Training on Traditional Chinese Medicine and Acupuncture Therapy တရုတ် တိုင်းရင်းဆေး ပညာနှင့် အပ်စိုက်ကုပညာဆရာဖြစ် မွမ်းမံသင်တန်း အမှတ်စဉ် (၂)ကို ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားကို တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး မှအဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ တိုင်းရင်းဆေးတက္ကသိုလ်တွင် Dr.wei အပြင် ယူနန်တိုင်းရင်းဆေးတက္ကသိုလ်မှ ၁၆-၉-၂၀၁၈ ရက်နေ့တွင် ရောက်ရှိလာသော Mrs. Yang Mei, Professor in diagnostics of traditional Chinese medicine department နှင့် Mr. Li Zhihong, Lecturer in Massage department တို့မှ (၁၀)ရက် ကြာ သင်တန်းကို ထပ်မံ ပေးသွားမည်ဖြစ်ပါသည်။