the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်တွင် Lunch Time Talk အခမ်းအနား ကျင်းပ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်တွင် ယနေ့ (၇-၉-၂၀၁၉)ရက်၊ နံနက် ၁၁း၃၀ နာရီတွင် Medical Education Unit မှ ဦးဆောင်ကျ င်းပသော Lunch Time Talk အခမ်းအနားကို အခန်းအမှတ် (၁၀၇)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား ငြိမ်း) ပါမောက္ခ ဝင်းနိုင်၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အခြား စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။

ယခုအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် Department of English ဌာနမှူး ဦးသန်းဦးက ဆောင်ရွက်ပြီး၊ Speaker ဖြစ်သူ ဒေါ်နှင်းနှင်းထွန်း၊ ကထိက/ဌာနမှူး Department of Botany က ''Botanical Identification and Medicinal Uses of Genus Phyllanthus'' ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးကြကာ အခမ်းအနားကို မွန်းလွဲ ၁၂း၅၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ