၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်၊ အင်္ဂါနေ့။
CHINA-MYANMAR TRADITIONAL MEDICINE COLLABORATION CENTER ဆိုင်းဘုတ်ဖွင့်ပွဲနှင့် Training of Trainer on Traditional Chinese Medicine and Acupuncture Therapy သင်တန်းဆင်းပွဲကို သြဂုတ်လ (၂၇)ရက်၊ နံနက် (၉း၃၀)နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ရှိ အခန်း(၁၀၇)၌ ကျင်းပရာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ မန္တလေးမြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန် ရုံးချုပ် ကောင်စစ်ဝန်ချုပ် Mr. WANG ZONGYING တို့ တက်ရောက်လျက် ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် ယူန်တက္ကသိုလ် Vice President Li Shihu၊ မန္တလေးတိုင်းဒေသကြီး မြန်မာတရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေး ကောင်စီဝင်များ၊ မန္တလေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးဘက်နှီးနွယ် ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ မန္တလေးမြို့ သင်ကြားရေးတိုင်းရင်းဆေးရုံအုပ်ကြီး၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများ၊ အပ်စိုက်ကုသင်တန်းသားများ တက်ရောက်ခဲ့သည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးဆွေ . တရုတ်ကောင်စစ်ဝန်ချုပ်၊ ယူနန်တက္ကသိုလ် Vice President၊ မန္တလေးတိုင်းဒေသကြီး မြန်မာတရုတ်ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း တို့က အမှာစကား အသီသီး ပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး အပတ်စဉ်(၂) Training and Trainer on Traditional Chinese Medicine and Acupuncture Therapy သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ရာ သင်တန်းသား သင်တန်းသူ (၂၇)ဦးအား Certificates များ ပေးအပ်ခဲ့သည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း| မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့က ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိ သည်။