တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ တိုင်းရင်းဆေးရုံများတွင် လစ်လပ်လျက်ရှိသော အထက်တန်းသူနာပြုရာထူး (လစာနှုန်း ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ဖြေဆိုခွင့်ရရှိသူ (၄၀)ဦးအား ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် အစည်းအဝေးခန်းမ၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ်(၄၇) နေပြည်တော်တွင် ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးဆောင်၍ ညွှန်ကြားရေးမှူးများက အရည်အချင်းစစ် စာမေးပွဲ(လူတွေ့/နှုတ်ဖြေ) လူတွေ့/နှုတ်ဖြေ ဖြေဆိုခြင်းအား စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။