the republic of the union of myanmar

ministry of health

Department of Traditional Medicine

တတိယအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်သင်တန်းသို့ သင်တန်းတက်ရောက်ရန် စာရင်း ထုတ်ပြန်ကြော်ငြာခြင်း

၁။      တိုင်းရင်းဆေးပညာဉီးစီးဌာနနှင့် သက်ဆိုင်ရာပညာရှင်များ ပူးပေါင်း၍ တတိယအကြိမ် မြောက် ဖွင့်လှစ်မည့် အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်သင်တန်းအား (၁၇-၆-၂၀၁၉)ရက်နေ့မှ (၂၂-၆-၂၀၁၉)ရက်နေ့အထိ အမျိုးသား ပရဆေးဥယျာဉ်၊ နေပြည်တော်၌ သင်တန်းဖွင့်လှစ်မည်ဖြစ်ပါ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံများမှ သင်တန်းတက်ရောက်ရန်အတွက် သင်တန်းသား/ သူ (၆၃)ဉီး စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

၂။     သို့ဖြစ်ပါ၍ သင်တန်းတက်ရောက်နိုင်ရန်အတွက် ဆက်လက်အကြောင်းကြားပေးရန်နှင့် ရွေးချယ်ခြင်း ခံရသော သင်တန်းသား/သူ များသည် တက်ရောက်ရန်စာရင်း အတည်ပြုခြင်းအား

(၁၄- ၆-၂၀၁၉)ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ပေးကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသ ေးဝင် ဆပေါက်ပင
လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ