၂၀၁၉ ခုနှစ် ဇွန်လ ၁၇ ရက်
အမျိုးသားပရဆေးဥယျာဉ် နေပြည်တော်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်သည် တတိယအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်ဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ် (Training on GMP for Traditional Medicines and Health Supplements) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ
တိုင်းရင်းဆေးပညာရပ်ဆ်ိုင်ရာ အကြံပေးအဖွဲ့မှ ဥက္ကဌဆရာကြီးမျာ၊ ကောင်စီဝင်ဆရာကြီးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းသို့ သင်တန်းသား/သူ ဦးရေ (၆၃)ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းကို ၁၇. ၆.၂၀၁၉ ရက်နေ့မှ ၂၂.၆.၂၀၁၉ ရက်နေ့ထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။