၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရုံးအမှတ် (၄၇) တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင်လအတွက် ဝန်ထမ်းများနှင့်တွေ့ဆုံပွဲနှင့် ဝန်ထမ်းကောင်းရွေးချယ် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးပညာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ဌာနခွဲအသီးသီးမှ ဆုရရှိသူ ဝန်ထမ်းများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။