မင်္ဂလာပါခင်ဗျာ … ဇန်နဝါရီလအတွင်း အများပြည်သူအနေဖြင့် စားသောက်သင့်သည့် အစားအစာများနှင့် ရှောင်ကြဉ်သင့်သည့်အစားအစာများကို မြန်မာ့တိုင်းရင်းဆေးပညာ၏ နက္ခတ္တနယနည်းပညာ၊ အာဒိကပ္ပဒွါဒရာသီကျမ်းအရ တွက်ချက်ကာ တင်ပြအပ်ပါသည်။ ရှောင်ကြဉ်ရန် အစားအစာများကို နံပါတ်စဉ်အလိုက် ဦးစားပေးရှောင်ကြဉ်ကြရမည်ဖြစ်ကာ စားသုံးရန် အစားအစာများကိုလည်း နံပါတ်စဉ်အလိုက် စားသုံးရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အမှတ်စဉ် (၁) သည် ရှောင်ကြဉ်ရန် အဆင့်(၁)ဖြစ်ပြီး အမှတ်စဉ် (၇) သည် စားသုံးရန် အသင့်တော်ဆုံးအဖြစ် မှတ်ယူရမည် ဖြစ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။