the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဇတ္ထုထမ္ဘ

စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ် “ ဇတ္ထုထမ္ဘရောဂါ ” ဇက်ကျီးပေါင်း ဆွေးနွေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နေပြည်တော် ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၇ခုနှစ်၊ ဖောဖော်ဝါရီလ ၂၄ ရက် နေ့တွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

 

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးဆရာကြီး ဦးဝေဝင်း (ဆေးရုံအုပ်-ငြိမ်း) မှ ဆောင်ရွက်ခဲ့ပါသည်။

 

ဆွေးနွေးပွဲသို့ တိုင်းရင်းဆေးပညာရှင် ဆရာ/ဆရာမ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးမှူး၊ ဒေါ်သန္တာအောင်မှ ဇတ္ထုထမ္ဘရောဂါနှင့် ပတ်သက်၍ တိုင်းရင်းဆေးပညာအမြင်အရ ရောဂါဖြစ်ကြောင်းနိဒါန်း၊ ဖြစ်ပုံ အချင်းအရာနှင့် ကုထုံးများ၊ ဆောင်ရန်/ ရှောင်ရန်များကိုလည်းကောင်း၊ အနောက်တိုင်းဆေးပညာ အမြင်အရသော်လည်းကောင်း ဖတ်ကြားတင်ပြသွားပါသည်။

 

ထို့နောက် တက်ရောက်လာသူများမှ ကုသပုံနည်းစနစ်များနှင့် ဆောင်ရန်ရှောင်ရန် တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။  

 

ထို့နောက် မေးမြန်းဆွေးနွေးချက်များကို ဆရာမ ဒေါ်သန္တာအောင်နှင့် ဆရာကြီး ဦးဝေဝင်းတို့မှ မှ ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာကြသူများမှ မိမိတို့၏ အတွေ့အကြုံများကို ဝေမျှ ဆွေးနွေး ပေးခဲ့ပါသည်။

 

သဘာပတိ ဆရာကြီး ဦးဝေဝင်း မှ  နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည်   ၁၂ : ၀၀ နာရီ တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 

အဆိုပါ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို နန်းတွင်းသမားတော် (တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး)မှ ကူညီပံ့ပိုးပေးပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ