the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဆေးရုံအုပ်၊ဒုတိယဆေးရုံအုပ်၊ခရိုင်တိုင်းရင်းဆေးမှူးနှင့် (လစာနှုန်း၊ ၂၇၅၀၀ဝိ-၄၀၀၀-၂၉၅၀၀ဝိ) နေရာများသို့ ဌာနတွင်း ရာထူးတိုးလျှောက်လွှာခေါ်ယူခြင်း

အထက်ပါကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း တိုင်းရင်းဆေးရုံနှင့် ခရိုင်တိုင်းရင်းဆေးကုဌာနများတွင်   လစ်လပ်လျက်ရှိသော ဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ခရိုင်တိုင်းရင်းဆေးမှူးနှင့် တိုင်းရင်းဆေးမှူးရာထူး (လစာနှုန်း၊ ၂၇၅၀၀ဝိ-၄၀၀၀-၂၉၅၀၀ဝိ) နေရာများသို့ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများလျှောက်ထားနိုင်ကြောင်း  အကြောင်းကြားပါသည်။

လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူဖြစ်ရမည်-

    (က)  တိုင်းရင်ဆေးပညာဒီပလိုမာအောင်မြင်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M)ရရှိပြီးသူဖြစ်ရမည်။

(ခ )   (၂၅-၁၀-၂၀၁၉) ရက်နေ့၌ ဒုတိယတိုင်းရင်းဆေးမှူးရာထူး (လစာနှုန်း၊ ၂၃၄၀၀ဝိ-၂၀၀၀-၂၄၄၀၀ဝိ)နှင့်အဆင့်တူရာထူးတွင် လုပ်သက်(၃)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

        (ဂ )   ရာထူးတိုးမြှင့်ခန့်ထားပေးခြင်းခံရပါက မည်သည့်ဒေသမဆို သွားရောက်တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ