ဆေးပညာရပ်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု သမားယောင်များ ပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်
(ထောက်ခံတင်ပြချက် - ၄)
လေးစားအပ်တဲ့ သဘာပတိကြီးနှင့်တကွ ကြွရောက်လာကြတဲ့ ပုဂ္ဂိုလ်များ၊ ဧည့်သည်တော်ကြီးများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းသာယာပြီး ကာယသုခ၊ စိတ္တသုခနဲ့ မိတ္တသုခလို့ခေါ်တဲ့ သုခသုံးပါးစလုံး ပြည့်စုံကြပါစေလို့ ဂါရဝစိတ်ထားနဲ့ မေတ္တာပို့သအပ်ပါတယ် ခင်ဗျား/ရှင်။
ကျွန်တော်/ကျွန်မကတော့ ------ တိုင်းဒေသကြီး/ပြည်နယ်၊ --------- က ညီလာခံကိုယ်စားလှယ် ဦး/ဒေါ်----- ဖြစ်ပါတယ်။
လေးစားအပ်ပါသော သဘာပတိကြီးနဲ့ အဖွဲ့ဝင်များ ခင်ဗျား/ရှင်။ ကျွန်တော်/ ကျွန်မ အနေနဲ့ ------တိုင်းဒေသကြီး/ပြည်နယ်၊ --------- က ညီလာခံ ကိုယ်စားလှယ် ဦး/ဒေါ်----- အဆိုတင်သွင်းသွားတဲ့ “ဆေးပညာရပ်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု သမားယောင်များ ပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်” ဆိုတဲ့အဆိုကို ထောက်ခံ တင်ပြ သွားမှာဖြစ်ပါတယ်။ ကျွန်တော်/ကျွန်မတို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်ဟာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ကပင် မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သမားတော်ကြီး ဇီဝက ကို “လူတို့၏ နာခြင်း/ဖျားခြင်း အစရှိသည်တို့ကို အဘယ် အကြောင်းအရာကို ကြည့်ရှုပြီးကုသသနည်းဟုမေးမြန်းရာ သမားတော်ဇီဝက က ဘုန်းတော်အလွန် ကြီးမြတ်တော်မူထသော အရှင်ဘုရား။ အဆင်းလက္ ခဏာ အင်္ဂါကြီးငယ်နှင့်ပြည့်စုံသော ငှက်တစ်ခုသည် နှလုံးမွေ့လျော်ဖွယ်ရှိ၏။ သန္တာ အဆင်းနှင့်တူသောအခြေလည်း တစ်ဆယ့်နှစ်ချောင်းရှိ၏။ ပတ္တမြားအဆင်းနှင့် တူသောအတော င်လည်းလေးဆယ့်ရှစ်ချောင်းရှိ၏။ ဆန်းကြယ်လှစွာသော အမွေးလည်း သုံးရာ့ခြောက်ဆယ် ရှိ၏။ အမွေးတစ်ချောင်း တစ်ချောင်းတွင် အမွေးမျှင် တစ်ဖက်သုံးဆယ်ရှိ၏။ ထိုငှက်အမည်ကား နှစ်တည်း။ ဦးခေါင်း သုံးလုံးရှိသည်တည်း။ သုံးလုံးဟူသည်ကား ဥတုသုံးပါးကိုဆိုသတည်း။ ----------------