the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဆေးပညာဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု၊ သမားယောင်များပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန် (အဆိုပြုချက် - ၄)

ဆေးပညာဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု၊ သမားယောင်များပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်

(အဆိုပြုချက် - ၄)

        လေးစားအပ်ပါသော သဘာပတိကြီးနှင့် သဘာပတိအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးသမားတော်များ၊ ညီလာခံကိုယ်စားလှယ်ကြီးများနှင့် ဧည့်သည် တော်ကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ ပါစေကြောင်း တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ် ခင်ဗျာ/ရှင့်။

ကျွန်တော်/ကျွန်မကတော့ …………… တိုင်းဒေသကြီး/ ပြည်နယ်မှ တိုင်းရင်းဆေး သမားတော်များ ညီလာခံကိုယ်စားလှယ် ဦး/ ဒေါ်………….. ဖြစ်ပါတယ် ခင်ဗျာ/ရှင်။ ကျွန်တော်/ ကျွန်မအနေဖြင့် ယနေ့ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကြီးမှာ “ဆေးပညာဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု၊ သမားယောင်များပ ပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်” ဆိုတဲ့အဆိုကို ဆွေးနွေးတင်ပြ သွားမှာဖြစ်ပါတယ် ခင်ဗျာ/ ရှင့်။

လေးစားအပ်ပါသော သဘာပတိကြီးနှင့် သဘာပတိအဖွဲ့ဝင်များ ခင်ဗျာ/ရှင့်။ ယခု အဆို အထောက် ခေါင်းစဉ်နှင့်ပတ်သက်ပြီး တင်ပြတဲ့အခါမှာ မြန်မာ့တိုင်းရင်းဆေးပညာသမိုင်းကနေ စတင်ကော က်နုတ်ပြီး တင်ပြချင် ပါတယ်။

        မြန်မာ့တိုင်းရင်းဆေးပညာဟာ မြန်မာနိုင်ငံမှာ လူသားများ စတင် နေထိုင်ချိန်ကစပြီး ရှေးနှစ်ပေါင်းများစွာကပင် ဖြစ်ထွန်းပေါ်ပေါက်၍ ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်မှု ပေးနိုင်ခဲ့ပါတယ်။ မြန်မာ့ သမိုင်းစဉ် တစ်လျှောက်လုံးနဲ့ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယခေတ်များမှစကာ မိမိတို့ကိုယ်ပိုင် တိုင်းရင်းဆေးပညာဖြင့် ရပ်တည်လာခဲ့ကြပြီး အင်းဝခေတ်၊ --------------

 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ