the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဆီးချိုရောဂါအကြောင်း

တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နေပြည်တော် ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ တွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးဆရာကြီး ဦးဝင်းမြင့် မှ ဆောင်ရွက်ခဲ့ပါသည်။

 

ထို့နောက် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဆရာကြီးဦးနေအောင်မှ ဆီးချိုရောဂါအမည်၊ ဆီးချိုရောဂါအမျိုးအစား၊ လက္ခဏာများကို ဒေသနာ အာယုဗ္ဗေဒ၊ အနောက်တိုင်းဆေးပညာအမြင်များဖြင့်လည်းကောင်း၊ ဆီးချိုရောဂါအတွက် ဆောင်ရန်/ ရှောင်ရန်များနှင့် ဆေးနည်းဓါတ်စာများကို တင်ပြဆွေးနွေးခဲ့ပါသည်။

 

 ဆက်လက်ပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာဦးသန်းဝင်းက ဆီးချိုရောဂါတွင် အသုံးပြုသည့် တိုင်းရင်းဆေးခန်းသုံးဆေးဖုံများ၊ ဆေးကျမ်းများပါ တိုင်းရင်း ဆေးနည်းများ၊ ဆီးချိုရောဂါတွင်အသုံးပြုသည့် ဆေးဖက်ဝင်အပင်၊ သုတေသနတွေ့ရှိထားသော အပင်(၆)ပင်နှင့် အိန္ဒိယ၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့တွင် အသုံးပြုလျက်ရှိသည့် ဆီးချို ရောဂါအတွက် စိတ်ဝင်စားဖွယ် ဆေးဖက်ဝင်အပင်များအကြောင်းကို “ဆီးချိုရောဂါတွင် အသုံးပြုသည့် တိုင်းရင်းဆေးဖုံများနှင့် ဆေးဖက်ဝင်အပင်များ” ခေါင်းစဉ်ဖြင့် တင်ပြ ဆွေးနွေး ခဲ့ပါသည်။

 

တက်ရောက်လာကြသူများထဲမှ ဆွေးနွေးမေးမြန်းချက်များကို သဘာပတိဆရာကြီး ဦးဝင်းမြင့်၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဆရာဦးနေအောင် နှင့် ဒုတိယတိုင်းရင်း ဆေးမှူး ဆရာဦးသန်းဝင်းတို့က ပြန်လည် ဖြေကြားပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ