နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၁၇
ဂျပန်နိုင်ငံ၊ University of Toyama, Institute of Natural Medicine (INM) မှ Research Fellow ဖြစ်သူ Dr.Katsuhiro Konno ဦးဆောင်သောကိုယ်စားလှယ် (၅)ဦး ပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁၆) ရက် နေ့မှ (၂၂) ရက်နေ့အထိ မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များကို ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
အဆိုပါ လာရောက်တွေ့ဆုံ ဆွေးနွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် The Japan International Cooperation Agency (JICA)တို့အကြား၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအထိ လက်မှတ် ရေးထိုးခဲ့သည့် The Minutes of Meeting (MOM)`The Project for Strengthening Primary Health Care by Improving Manufacturing and Quality Control of Traditional Medicine in Myanmar’ ခေါင်းစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက် နိုင်ရန် နှစ်နိုင်ငံကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။