the republic of the union of myanmar

ministry of health

Department of Traditional Medicine

ချောင်းဆိုး

စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ် “ချောင်းဆိုးရောဂါအကြောင်း” ဆွေးနွေးခြင်း

  တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက် နေ့ နံနက် (၉)နာရီတွင် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာကြီးဦးစိုးမြင့် (နေပြည်တော်တိုင်း ဒေသကြီး ဦးစီးဌာနမှူး)ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ဒေါ်မို့မို့မြင့်အောင်( ဒုတိုင်းရင်းဆေးမှူး)၊ ဒေါ်သင်းသင်းမိုး (ဒုတိုင်းရင်းဆေးမှူး) တို့မှ တာဝန်ယူဆောင်ရွက်ပြီး ဆရာ/ဆရာမ (၅၄) ဦး တက်ရောက်ခဲ့ပါသည်။

         

ရှေးဦးစွာ သဘာပတိဆရာကြီးဦးစိုးမြင့်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားကို တက်ရောက်လာကြသော ဆရာ/ဆရာမများ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ ကြောင်း ဦးစွာပထမ မေတ္တာပို့သအပ်ပါကြောင်း။ ယနေ့ဖတ်ကြားမည့် ချောင်းဆိုးခြင်း စာတမ်းနှင့် ပတ်သက်၍ ပြောရမယ်ဆိုရင် ချောင်းဆိုးခြင်းသည် ငယ်စဉ်အရွယ်မှစပြီး ကလေး၊ လူငယ်၊ လူလတ်၊ လူကြီး အရွယ်အားလုံး ဖြစ်နိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ရာသီဥတု ကူးပြောင်းစအချိန် (အပူတစ်လှည့် အအေးတစ်လှည့်) အခြေအနေမျိုး တွင်လည်း ဖြစ်နိုင်ကြောင်း၊ ဒါ့ကြောင့် ချောင်းဆိုးခြင်းဖြစ်လာလျှင် စနစ်တကျကုသရန်လိုကြောင်းနှင့် ယခုစာတမ်းရှင်ရေးသား ထားသော ချောင်းဆိုးခြင်းစာတမ်းမှာ ပြည့်ပြည့်စုံစုံနှင့် ရေးသားထားတာ တွေ့ရပါကြောင်း၊ ဒါ့ကြောင့် တက်ရောက်လာသူများမှ ချောင်းဆိုးခြင်းနှင့်ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြပါရန် ပြောကြားခဲ့ပါသည်။

         

၎င်းနောက် စာတမ်းရှင် ဆရာမဒေါ်မူမူချို (အကြီးတန်းတိုင်းရင်းဆေးမှူး) မှ ချောင်းဆိုးခြင်း စာတမ်းကို တိုင်းရင်းဆေးပညာ ဒေသနာနယနှင့် အာယုဗ္ဗေဒ နည်းများအရ ဖြစ်ကြောင်း နိဒါန်း၊ ဖြစ်ပုံ အချင်းအရာ၊ ချောင်းဆိုးခြင်း အမျိုးအစား၊ ရောဂါလက္ခဏာနှင့် ကုထုံးဆေးချက်များအပြင် အနောက် တိုင်းဆေးပညာအရ ချောင်းဆိုးခြင်းနှင့် ပတ်သက်သောအကြောင်းအရာများကို ဖတ်ကြားပြီး တက် ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

         

၎င်းနောက် သဘာပတိဆရာကြီး ဦးစိုးမြင့် မှ ယခုလို ချောင်းဆိုးခြင်းနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြသော ဆရာ/ဆရာမများကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။

         

၎င်းနောက် CTME အခမ်းအနားကို နေ့လယ် ၁၂းဝဝ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ