the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်

၄-၁၁-၂၀၁၅

• နေပြည်တော် ဥတ္တသီရိခရိုင်၊ တိုင်းရင်းဆေးရုံကြီးကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

• အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထာင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး နေပြည်တော် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ နေပြည်တော်ကောင်စီဝင် ပါမောက္ခဒေါက်တာပိုင်စိုး၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ အခြားဌာနဆိုင်ရာမှ ပုဂ္ဂုလ်များ၊ ဖိတ်ကြားထားသော တိုင်းရင်းဆေးဝါးထုတ်လုပ်ငန်းရှင်များမှ တက်ရောက်ခဲ့ပါသည်။

4 November 2015

4 November 2015

ထို့နောက်တိုင်းရင်းဆေးရုံကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး၊ လူနာများအား၊ အားပေးစကား ပြောကြားပြီး အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပါသည်။

4 November 2015

4 November 2015

နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးသို့ လှူဒါန်းကြသော တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်းရှင်များအား အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ပါသည်။

4 November 2015

4 November 2015

ခုတင် ၁၀၀ ဆံ့ နေပြည်တော် တိုင်းရင်းဆေးရုံဖွင့်ပွဲ မှတ်တမ်းတင် စုပေါင်းဓါတ်ပုံများ ရိုက်ကူးကြသည်။

4 November 2015

4 November 2015

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်