၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် ဦးစီး၍ တိုင်းရင်းဆေးကုဌာန ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးစန်းယု (မြို့မိ၊ မြို့ဖ) သည် ဆေးကုဌာန၏ ရှေ့မျက်နှာစာပေ (၁၀၀)ရှိသော အုတ်တံတိုင်းနှင့် သံပန်း သံတခါးများအား ဆေးသုတ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။