ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ကွင်းဆင်းဆေးကုသမှုပေးခြင်းနှင့်ကျန်းမာရေးအသိပညာပေးဟောပြောခြင်း
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံကြီး နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသော အကြီးတန်းတိုင်းရင်းဆေးမှူးများဦးဆောင်၍ ပြည်သူများကျန်းမာစေရန် ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ၁၃.၁. ၂၀၁၈ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် သဲကျွန်းကျေးရွာသို့လည်းကောင်း၊ ၁၀.၂.၂၀၁၈ ရက်နေ့တွင် မွန်းတည်ခွင် ကျေးရွာသို့ လည်းကောင်း၊ ၁၇.၃.၂၀၁၈ ရက်နေ့တွင် မင်းကုန်းကျေးရွာသို့လည်းကောင်း၊ ၁၂.၅.၂၀၁၈ ရက်နေ့တွင် လယ်ဝေးမြို့နယ် သဲကောကြီးကျေးရွာသို့လည်းကောင်း၊ ၉.၆.၂၀၁၈ ရက်နေ့တွင် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာသို့ လည်းကောင်း ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလမှ ဇွန်လအထိလူနာဦးရေ (၆၃၀)ဦး တို့အားကျန်းမာရေး စောင့်ရှောင့်မှုပေးနိုင်ခဲ့ပြီးတိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးအသိပညာပေးဟောပြောပွဲ (၃) ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့အတူနေပြည်တော်တိုင်းဦးစီးဌာနမှုးနှင့်တကွ ဒက္ခိဏခရိုင်၊ လယ်ဝေး၊ အေလာ၊ တပ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနတို့မှလည်း မိမိတို့သက်ဆိုင်ရာ ဒေသများရှိ ပြည်သူများအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုတစ်လလျှင် (၂) ကြိမ်ခန့် ကွင်းဆင်းဆေးကုသမှု များပြုလုပ်ပေးခဲ့ရာဇန်နဝါရီလမှ ဇွန်လအထိလူနာဦးရေ (၃၃၈၆)ဦးရှိခဲ့ပါသည်။ ကျန်းမာရေးဟောပြောပွဲ (၄၂)ကြိမ် ဆောင်ရွက်ခဲ့ပြီးဟောပြောပွဲများတွင် ‘အစာသည်ဆေးလွန်လျှင်ဘေး’၊ ‘မိုးရာသီတွင် ဖြစ်တတ်သော သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်း’၊ ‘အရိုးကျီးပေါင်း ရောဂါနှင့်ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ’စသည့်အကြောင်းအရာများဖြင့်ပညာပေးဟောပြောခဲ့ကြပါသည်။