the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ၂၀၁၆ ခုနှစ် ဇူလိုင် လ ၁၃ ရက်နေ့ နံနက်(၈)နာရီတွင်၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်း ဆေးရုံနှင့် သွားနှင့်ခံတွင်း အထူးကုဌာန၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြညထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တမာပင် စိုက်ပျိုးပေးခဲ့ပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပိတောက်ပင်များကို စိုက်ပျိုးခဲ့ကြသည်။

         

 ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်ကတိုး၊ မဟော်ဂနီ၊ စိန်ပန်း၊ ငူဝါ၊ မယ်ဇလီ၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ ကုက္ကို စသည့် နှစ်ရှည်ပင်နှင့်အရိပ်ရပင် စုစုပေါင်း (၁၀၀၀) စိုက်ပျိုးခဲ့ကြသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ