the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း/C.T.M.E.

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန(၄)ဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန(၂၀)ဌာနတို့၏ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂-၅-၂၀၁၆)ရက်နေ့မှ (၁၆-၇-၂၀၁၆) ရက်နေ့အထိ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကွင်းဆင်းဆေးကုသခြင်း၊ Post Market Survey ဆောင်ရွက်ခြင်း၊ ပရဆေးပင်များစိုက်ပျိုး ထားရှိခြင်း နှင့် လူနာလချုပ်၊ ဆေးလချုပ်စာရင်းဇယားများ တိကျမှန်ကန်စွာ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းဆေကုသရာတွင် စုစုပေါင်းလူဦးရေ(၂၃၂)ဦး အား တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။

         

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၂၅-၅-၂၀၁၆) ရက်နေ့မှ (၂၈-၇-၂၀၁၆) ရက်နေ့အထိ C.T.M.E. ပညာပေးဟောပြောခြင်းတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း တို့ကို ပို့ချနိုင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ