the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန“တိုင်းရင်းဆေးတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ”

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန“တိုင်းရင်းဆေးတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ” ကို (၁၁-၆-၂၀၁၈)ရက်နေ့မှ(၁၂-၆-၂၀၁၈) ရက်နေ့ထိ မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ 

 

 

 

 

 

ယနေ့ ၁၁-၆-၂၀၁၈ရက်နေ့ ပထမနေ့အစီအစဉ်အရ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးကျော်သိန်းဌေးက အခမ်းအနားဖွင့်လှစ်ပြီးအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သဘာပတိ၊ ဒေါက်တာအောင်နိုင်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌက အမှာစကား ပြောကြားခဲ့ပါသည်။

 

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား၊ နံနက်ပိုင်းတွင်  သဘာပတိ၊ ဒေါက်တာအောင်နိုင်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ ဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပါသည်။ တိုင်းရင်းဆေးတက္ကသိုလ် ဖွင့်လှစ်ရေး ကဏ္ဍအတွေ့အကြုံများ ခေါင်းစဉ်ဖြင့် ဦးအောင်မြတ်ကျော်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်က ဆွေးနွေးခဲ့ပါသည်။ တိုင်းရင်းဆေး တက္ကသိုလ်ဖွင့်လှစ်ရေးကဏ္ဍ အတွေ့အကြုံများ ခေါင်းစဉ်ဖြင့် ဦးဝထွန်း၊ တိုင်းရင်းဆေးပညာရပ် ဆိုင်ရာအကြံပေးအဖွဲ့ဝင်က ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းဆေးတက္ကသိုလ် လက်ရှိဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ဦးထွန်းမြင့်၊ ဒု-ပါမောက္ခချုပ်၊ တိုင်းရင်းဆေး တက္က သိုလ်က တင်ပြဆွေးနွေးခဲ့ပါသည်။

 

နေ့လယ်ပိုင်းတွင်  သဘာပတိ၊ ဒေါက်တာအောင်မြင့် ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်ကြားရေး တိုင်းရင်းဆေးရုံဖြစ်မြောက်ရေး ခေါင်းစဉ်ဖြင့် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူး(ကုသရေး)၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းရင်းဆေးတက္ကသိုလ်၏ ပြုပြင်ပြောင်းလဲသင့်သောအချက်များ ခေါင်းစဉ်ဖြင့် ပါမောက္ခဦးအောင်ကျော်မင်း၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်က တင်ပြဆွေးနွေးခဲ့ပါသည်။

 

 

 

 

 

ဆက်လက်ပြီး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဒေါက်တာသန်းမောင်၊ ပါမောက္ခချုပ် (အငြိမ်းစား)၊ တိုင်းရင်းဆေးတက္ကသိုလ်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတကာတိုင်းရင်းဆေးတက္ကသိုလ်များ ခေါင်းစဉ်ဖြင့် ဒေါက်တာသိန်းဇော်လင်း၊ ညွှန်ကြားရေးမှူး(သုတေသနနှင့်ဖွံ့ဖြိုးရေး)၊ တိုင်းရင်းဆေးပညာဦးစီးဌာနကလည်းကောင်း၊ တရုတ်တိုင်းရင်းဆေးတက္ကသိုလ်များ ခေါင်းစဉ်ဖြင့် ဦးမောင်မောင်ဦး၊ အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင် ကလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ထို့နောက် အခမ်းအနားတက်ရောက်လာကြသူ ပုဂ္ဂိုလ်များမှ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

 

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ